အသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များ (Terms of Use)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ တရားဝင်တည်ထောင်ထားသော ကုမ္ပဏီဖြစ်သည့် ကျွန်ုပ်တို့ Time Definite Delivery (TDD) (Flying Helios Co., Ltd.) (“Time Definite Delivery (TDD)” ၊ “ကျွန်ုပ်တို့” ၊ “ကျွန်ုပ်တို့၏” ၊ “ကျွန်ုပ်တို့ကို” သို့မဟုတ် “ကုမ္ပဏီ” ဟု နောက်ပိုင်းတွင် ရည်ညွှန်းသုံးနှုန်းသွားမည်) ၏ ဝက်ဘ်ဆိုက် tdd-mm.com ၊ မိုဘိုင်းလ်စာမျက်နှာ သို့မဟုတ် မိုဘိုင်းလ် app (“ဆိုက်” သို့မဟုတ် “ပလက်ဖောင်း”) သို့ ဝင်ရောက်ကြည့်ရှုသည့်အတွက် သင့်အား ( “သင်” ၊ “အသုံးပြုသူ” သို့မဟုတ် “ဝယ်ယူသူ” ဟု နောက်ပိုင်းတွင် ရည်ညွှန်းသုံးနှုန်းသွားမည်) ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။ ကျွန်ုပ်တို့၏ ဆိုက်အသုံးပြုမှု သတ်မှတ်စည်းကမ်းချက်များနှင့် ဆိုက်မှတစ်ဆင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား ရယူအသုံးပြုခြင်းသည် ကျွန်ုပ်တို့ ဆိုက်တွင် ဖော်ပြထားသည့် (“အသုံးပြုသူ သဘောတူညီချက်”) ၊ ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်မူဝါဒ (“ကိုယ်ရေးအချက်အလက်မူဝါဒ”) နှင့်အခြားမူဝါဒများတွင် ဖော်ပြထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာရမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဆိုက်အား အသုံးပြုခြင်းသည် ကျွန်ုပ်တို့၏ သုံးစွဲသူသဘောတူညီချက်၊ ကိုယ်ရေးအချက်အလက်မူဝါဒနှင့် အခြားမူဝါဒအားလုံးအား တရားဝင် အပြည့်အဝ လိုက်နာရမည်ဖြစ်ပြီး သင်နှင့် ကျွန်ုပ်တို့အကြား တရားဝင်စာချုပ်အဖြစ် ဖြစ်တည်သွားမည်ဖြစ်ပါသည်။ ဤ သုံးစွဲသူသဘောတူညီချက် သို့မဟုတ် ကိုယ်ရေးအချက်အလက် မူဝါဒအနက်မှ မည်သည့်ပြဋ္ဌာန်းချက်ကိုမဆို လက်မခံပါက ကျွန်ုပ်တို့၏ ဆိုက်အား အသုံးပြုခြင်းကို ချက်ချင်းရပ်ဆိုင်းနိုင်ပြီး သင် စာရင်းပေးသွင်းထားသည့် မည်သည့် နောက်ဆုံး အချက်အလက်များကိုမဆို ဆက်လက်မဆောင်ရွက်ရန် ကျွန်ုပ်တို့အား အသိပေးနိုင်ပါသည်။ ထိုသို့ လုပ်ဆောင်ရန် ပျက်ကွက်ပါက ဤသုံးစွဲသူသဘောတူညီချက်၊ ကိုယ်ရေးအချက်အလက်မူဝါဒနှင့် အခြား မည်သည့်မူဝါဒများတွင်မဆို ပါဝင်သည့် ပြဋ္ဌာန်းချက်များအားလုံးနှင့် ဆက်လက်အကျုံးဝင်လျက်ရှိသည်ဟု ယူဆသွားမည်ဖြစ်ပါသည်။

၁။ လျှောက်လွှာတင်သွင်းခြင်းနှင့် စည်းကမ်းချက်များအား သဘောတူလက်ခံခြင်း

၁.၁။ ဆိုက်နှင့် Time Definite Delivery (TDD) ၏ ဝန်ဆောင်မှုများ၊ ဆော့ဖ်ဝဲနှင့် ထုတ်ကုန်များ (နောက်ပိုင်းတွင် “ဝန်ဆောင်မှုများ” ဟု အားလုံးကို စုပေါင်းရည်ညွှန်းသွားမည်) အား အသုံးပြုမှုသည် ဤစာရွက်စာတမ်းတွင် ပါဝင်သည့် စည်းကမ်းချက်များအပေါ် မူတည်မည်ဖြစ်ပြီး ကိုယ်ရေးအချက်အလက်မူဝါဒ၊ အခြားစည်းကမ်း သတ်မှတ်ချက်များနှင့် အချိန်နှင့် တစ်ပြေးညီ tdd-mm.com မှ ထုတ်ပြန်မည့် ဆိုက်များ၏ မူဝါဒများသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်ပါသည်။ ဤစာရွက်စာတမ်းနှင့် ဆိုက်များ၏ အခြားစည်းမျဉ်း စည်းကမ်းများ၊ မူဝါဒများအား ခြုံငုံ၍ “စည်းကမ်းချက်များ” ဟု ရည်ညွှန်းသုံးစွဲ သွားမည်ဖြစ်ပါသည်။ ဆိုက်များသို့ ဝင်ရောက်ခြင်း သို့မဟုတ် ဝန်ဆောင်မှုများ အသုံးပြုခြင်းအားဖြင့် စည်းကမ်းချက်များအား လက်ခံလိုက်နာရန် သဘောတူညီပြီး ဖြစ်သည်ဟု မှတ်ယူပါသည်။ စည်းကမ်းချက်များအားလုံးကို လက်ခံလိုက်နာနိုင်ခြင်း မရှိပါက ဝန်ဆောင်မှုများ သို့မဟုတ် ဆိုက်များကို ဝင်ရောက်ရယူ သုံးစွဲခြင်းမပြုပါရန် အသိပေးလိုပါသည်။

၁.၂။ အကယ်၍ သင်သည် - (က) Time Definite Delivery (TDD) နှင့် တရားဝင် စာချုပ်စာတမ်းချုပ်ဆိုရန် တရားဝင် အသက်မပြည့် သေးပါက (သို့မဟုတ်) (ခ) စင်ကာပူနိုင်ငံ သို့မဟုတ် အခြားနိုင်ငံများ/ နိုင်ငံအပါအဝင် ဒေသများ/ သင် နေထိုင်ရာ ဒေသ သို့မဟုတ် ဝန်ဆောင်မှုရယူသုံးစွဲရာဒေသ၏ ဥပဒေများအရ မည်သည့် ဝန်ဆောင်မှု ကိုမျှ ရယူသုံးစွဲရန် ခွင့်ပြုထားခြင်း မရှိပါက ဝန်ဆောင်မှု များကို အသုံးမပြုပိုင်ခွင့်၊ စည်းကမ်းချက်များကို လက်မခံ၊ မလိုက်နာပိုင်ခွင့် ရှိပါသည်။

၁.၃။ သက်ဆိုင်ရာပြင်ဆင်ချက်နှင့် ပြန်လည်ဖော်ပြထားသော စည်းကမ်းချက်များကို ဆိုက်များတွင် တင်ပြ ကြေညာထားရာ၌ မည်သည့် စည်းကမ်း သတ်မှတ်ချက်များကိုမဆို မည်သည့်အချိန်၌ဖြစ်စေ Time Definite Delivery (TDD) မှ ပြင်ဆင်နိုင်သည်။ ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများကို ဆက်လက်ရယူသုံးစွဲခြင်းဖြင့် ပြင်ဆင်သတ်မှတ်ထားသော စည်းကမ်း ချက်များအား လိုက်နာမည်ဖြစ်ကြောင်း သဘောတူညီပြီးဖြစ်ပါသည်။

၁.၄။ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသည့် စည်းကမ်းသတ်မှတ်ချက်များ၏ ဘာသာ ပြန်ဆိုချက် များကို Time Definite Delivery (TDD) မှ ဖော်ပြပေးထားပါက အဆိုပါ ဘာသာပြန်ဆိုချက်သည် အဆင်ပြေ ချောမွေ့မှုရှိစေရန် သက်သက် သာဖြစ်ပြီး သင်၏ ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများ အသုံးပြုခြင်းနှင့် စပ်လျဥ်း၍ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသည့် စည်းကမ်း သတ်မှတ်ချက် များဖြင့်သာ အကျုံးဝင်သက်ရောက်သွားမည်ဖြစ်ကြောင်း သဘော တူညီပြီး ဖြစ်ပါသည်။

၁.၅။ Time Definite Delivery (TDD)သို့မဟုတ် ကျွန်ုပ်တို့၏ ဆက်စပ်အဖွဲ့အစည်းနှင့် online ဖြစ်စေ၊ offline ဖြစ်စေ မည်သည့်ဝန်ဆောင်မှု (“ထပ်ဆောင်းသဘောတူညီချက်များ”) အတွက်မဆို သီးသန့် သဘောတူညီချက်စာချုပ် လိုအပ်မည်ဖြစ်သည်။ စည်းကမ်းသတ်မှတ်ချက်များနှင့် ထပ်ဆောင်းသဘောတူညီချက်အကြား အငြင်းပွားစရာ (သို့မဟုတ်) မကိုက်ညီမှု တစ်စုံတစ်ရာရှိပါက အဆိုပါဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် နေရာများတွင်သာ ထပ်ဆောင်း သဘောတူညီချက်က စည်းကမ်းသတ်မှတ်ချက်များကို ကျော်လွန်၍ ဦးစားပေး အသုံးပြု ခံရမည်ဖြစ်သည်။

၁.၆။ Time Definite Delivery (TDD) ၏ လုပ်ပိုင်ခွင့်ရှိသူ အရာရှိ၏ ရေးသားချက်မှအပ စည်းကမ်းသတ်မှတ်ချက် များကို ပြုပြင် မွမ်းမံသွားမည်မဟုတ်ပါ။

၂။ ဝန်ဆောင်မှုများဆိုင်ရာ ပြဋ္ဌာန်းချက်

၂.၁။ သင်သည် စင်ကာပူနိုင်ငံတွင် နေထိုင်သူ သို့မဟုတ် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသူနှင့် ဆိုက်တွင် မှတ်ပုံတင်ထားသော အဖွဲ့ဝင်ဖြစ်ပါက သင်နှင့် စာချုပ်ချုပ်ဆိုသူသည် Time Definite Delivery (TDD) ဖြစ်သည်။ အကယ်၍ သင်သည် စင်ကာပူပြင်ပတွင် မှတ်ပုံတင်ထားပါက ကုမ္ပဏီမှတ်ပုံတင် အမှတ် 201412014E ဖြင့် စင်ကာပူနိုင်ငံတွင် တည်ထောင်ထားသော Time Definite Delivery (TDD) ဖြင့် စာချုပ်ချုပ်ဆိုခြင်းဖြစ်ပါသည်။ အကယ်၍ သင်သည် အရှေ့တောင်အာရှတွင် မှတ်ပုံတင်ထားပါက သင်သည် Time Definite Delivery (TDD) ၏ ဆက်စပ်အဖွဲ့ အစည်းများနှင့် စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး ဝန်ဆောင်မှုတချို့ (သို့မဟုတ်) ဝန်ဆောင်မှု တစ်စိတ်တစ်ပိုင်းကို Time Definite Delivery (TDD) ၏ ဆက်စပ်အဖွဲ့အစည်းများမှ ဝန်ဆောင်မှု ပေးသွားနိုင်မည် ဖြစ်ကာ ဝန်ဆောင်မှုတချို့ကို Time Definite Delivery (TDD) မှ ၎င်း၏ ဆက်စပ်အဖွဲ့အစည်းများသို့ လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းနိုင်ပါသည်။

၂.၂။ အချို့သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆိုက်များတွင် အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ရန် လိုအပ်မည်ဖြစ်သည်။ ထို့အပြင် အခကြေးငွေ ပေးသွင်းအသုံးပြုသူများ သို့မဟုတ် Time Definite Delivery (TDD) ၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်တွင် ပြဋ္ဌာန်းနိုင်သည့် အခြားအခြေအနေများအတွက် အချို့သော ဝန်ဆောင်မှုများ (သို့မဟုတ် ဝန်ဆောင်မှုများ၏ မည်သည့်လုပ်ငန်းစဥ်ကိုမဆို) အသုံးပြုရန် သို့မဟုတ် ရယူနိုင်ခွင့်ကို ကြိုတင်အသိပေးခြင်းမရှိဘဲ Time Definite Delivery (TDD) မှ ကန့်သတ်ပိုင်ခွင့်ရှိသည်။

၂.၃။ ဒေသ၊ နိုင်ငံအသီးသီးအလိုက် ဝန်ဆောင်မှုများ (သို့မဟုတ် ဝန်ဆောင်မှုများ၏ မည်သည့် လုပ်ငန်းစဉ်မဆို) ကွဲပြားသွားနိုင်ပါသည်။ အသုံးပြုသူများအတွက် အဆိုပါဝန်ဆောင်မှု သို့မဟုတ် လုပ်ငန်းစဥ် သို့မဟုတ် တူညီ သော ဝန်ဆောင်မှု သို့မဟုတ် လုပ်ငန်းစဉ်များ ရရှိဝန်ဆောင်ပေးသွားမည်ဟူသည့် အာမခံချက် (သို့မဟုတ်) ကတိ ပေးအပ်ထားခြင်းမရှိပါ။ Time Definite Delivery (TDD) အနေဖြင့် မိမိတို့၏ ပင်မလုပ်ပိုင်ခွင့်ကန့်သတ်ချက်ဖြင့် မတူညီသော သုံးစွဲသူ အသီးသီးအတွက် အသုံးပြုနိုင်ခွင့်အဆင့်အသီးသီးနှင့် မည်သည့်ဝန်ဆောင်မှု (သို့မဟုတ်) ဝန်ဆောင်မှုများ၏ မည်သည့်လုပ်ငန်းစဉ်ကိုမဆို အသုံးပြုခွင့်အား ငြင်းဆိုခွင့် သို့မဟုတ် ဖန်တီးပေးပိုင်ခွင့်ရှိသည်။

၂.၄။ အခကြေးငွေဖြင့် အသုံးပြုသည့် ဝန်ဆောင်မှုမှလွဲ၍ မည်သည့်ဝန်ဆောင်မှုများ (သို့မဟုတ်) ဝန်ဆောင်မှု များ၏ မည်သည့်လုပ်ငန်းစဉ်များ ကိုမဆို ဖြန့်ချိ၊ ပြောင်းလဲ၊ အဆင့်မြှင့်တင်၊ စည်းကမ်းချက်များ ချမှတ်၊ ရပ်ဆိုင်း သို့မဟုတ် ရပ်တန့်လိုက်ခြင်းများကို Time Definite Delivery (TDD) မှ လုပ်ပိုင်ခွင့်ရှိသည်။ အဆိုပါပြောင်းလဲမှုများသည် အခကြေးငွေဖြင့် ဝန်ဆောင်မှုရယူ အသုံးပြုလျက်ရှိသည့် အသုံးပြုသူများကို ထိခိုက်မှုရှိစေမည်မဟုတ်ပါ။

၂.၅။ အချို့သော ဝန်ဆောင်မှုများကို Time Definite Delivery (TDD) ကိုယ်စား Time Definite Delivery (TDD) ၏ ဆက်စပ်အဖွဲ့အစည်း များမှ ဝန်ဆောင်မှု ပေးသွားမည်မဟုတ်ပါ။

၃။ ယေဘုယျအသုံးပြုသူများ

၃.၁။ ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများအသုံးပြုရန် စည်းကမ်းချက်အနေဖြင့် ဆိုက်များ (သို့မဟုတ်) ဝန်ဆောင်မှုများ အသုံးပြုနေစဉ် တည်ဆဲဥပဒေများနှင့် စည်းမျဉ်း စည်းကမ်းများ အားလုံးကို လိုက်နာမည်ဖြစ်ကြောင်း သဘောတူညီပြီးဖြစ်ပါသည်။

၃.၂။ ဆိုက်များ (သို့မဟုတ်) ဝန်ဆောင်မှုများကို သင့် ကိုယ်ပိုင်နှင့် တစ်ကိုယ်ရည် ရည်ရွယ်ချက် များအတွက်သာ အသုံးပြုမည်ဖြစ်ကြောင်း သဘောတူညီပြီးဖြစ်ပါသည်။

(က) ဆိုက်များပေါ်မှ (သို့မဟုတ်) ဆိုက်များမှတစ်ဆင့် ရရှိထားသော (“ဆိုက်မှ အကြောင်းအရာများ”) မည်သည့် ဝန်ဆောင်မှုမဆို သို့မဟုတ် မည်သည့် သတင်း အချက်အလက်၊ စာသား၊ ရုပ်ပုံများ၊ သရုပ်ဖော်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်၊ လမ်းညွှန်စာအုပ်များ၊ ဖိုင်များ၊ ဒေတာဘေ့စ်များ သို့မဟုတ် စာရင်းများ အစရှိသည် တို့ကို ကူးယူခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း၊ ဒေါင်းလုဒ်ဆွဲခြင်း၊ ပြန်လည် ထုတ်ဝေခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပြန်လည်ရောင်းချခြင်းများကို ပြုလုပ်မည်မဟုတ်ကြောင်း သဘောတူညီပြီးဖြစ်ပါသည်။

( ခ) ဆိုက်မှ မည်သည့်အကြောင်းအရာများကိုမဆို Time Definite Delivery (TDD) နှင့် ပြိုင်ဘက်လုပ်ငန်း ဆောင်ရွက်ရန် သို့မဟုတ် ဆိုက်မှ အကြောင်းအရာများကို စီးပွားရေးအကျိုးအမြတ် အတွက် အသုံးချရန် ရည်ရွယ်ချက်ဖြင့် ဆိုက်မှ အကြောင်းအရာများကို ကူးယူခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း၊ ဒေါင်းလုဒ်ဆွဲခြင်း၊ စုစည်းခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း သဘောတူညီပြီးဖြစ်ပါသည်။ Time Definite Delivery (TDD) ၏ စာဖြင့် ရေးသား ဖော်ပြထားသော ခွင့်ပြုချက် မရှိဘဲ အချက်အလက်စုစည်းချက်၊ စုဆောင်းချက်၊ ဒေတာဘေ့စ် သို့မဟုတ် လမ်းညွှန်ချက်များ (စက်ရုပ်များ၊ spider များ၊ အလို အလျောက်စက်ကိရိယာများ သို့မဟုတ် လမ်းညွှန်ချက်အတိုင်းဆောင်ရွက်သော လုပ်ငန်းစဥ်များအနက် မည်သည်ကိုမျှ အသုံးပြု၍ဖြစ်စေ) ဆိုက်မှ အကြောင်းအရာများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖန်တီးရန် သို့မဟုတ် စုစည်းရန် ဆိုက်မှ အကြောင်းအရာများအား စနစ်တကျပြန်လည်ရယူရန် ဆောင်ရွက်ခြင်းအား တားမြစ်ထားပါသည်။ စည်းကမ်းချက်များတွင် ဖော်ပြ၍ ခွင့်ပြုထားခြင်းမရှိသည့် မည်သည့်ရည်ရွယ်ချက်များအတွက်မဆို ဆိုက်များပေါ်မှ မည်သည့်အကြောင်းအ‌ရာ သို့မဟုတ် အချက်အလက်များအား အသုံးပြုခြင်းကို တားမြစ်ထားပါသည်။

၃.၃။ Time Definite Delivery (TDD) နှင့် ကျွန်ုပ်တို့၏ ဆက်စပ်အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုဖြစ်သော အသုံးပြုသူ များ၏ ကိုယ်ရေးအချက်အလက်များအား ကာကွယ်ခြင်းနှင့် အသုံးပြုခြင်းအတွက် သက်ရောက်သည့် Time Definite Delivery (TDD) ၏ ကိုယ်ရေးအချက်အလက်မူဝါဒကို ဖတ်ရှုရမည်ဖြစ်ပါသည်။

၃.၄။ တတိယလူ/အဖွဲ့အစည်းများ၏ hyperlink များ (စာလုံး link ၊ banner များ၊ ချန်နယ်များ (သို့မဟုတ်) အခြားနည်းလမ်းများ မှတစ်ဆင့် ဝန်ဆောင်မှုကမ်းလှမ်းသော အကြောင်းအရာ၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ၊ API သို့မဟုတ် ထိုအခြားသော တတိယလူ/ အဖွဲ့အစည်းများ၏ ဝက်ဘ်ဆိုက်များ ရယူအသုံး ပြုရန် Time Definite Delivery (TDD) မှ ခွင့်ပြုပေးသွား နိုင်ပါသည်။ အဆိုပါ ဆိုက်များအား အသုံးမပြုမီ ၎င်းတို့၏ စည်းကမ်းသတ် မှတ်ချက်များ နှင့်/သို့မဟုတ် ကိုယ်ရေးအချက်အလက်မူဝါဒများကို ဖတ်ရှုရန် သတိပေးလိုပါသည်။ Time Definite Delivery (TDD) မှ အဆိုပါဝက်ဘ်ဆိုက်များအပေါ် ထိန်းချုပ်ပိုင်ခွင့်မရှိခြင်း၊ အဆိုပါ ဝက်ဘ်ဆိုက် များကို စောင့်ကြည့်နေမှုမရှိ ခြင်းနှင့် အဆိုပါ ဝက်ဘ်ဆိုက်များ သို့မဟုတ် အဆိုပါ ဝက်ဘ်ဆိုက်များပေါ်ရှိ မည်သည့်အကြောင်းအရာ၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှု များအတွက်မဆို တာဝန်မရှိကြောင်းကို သင် သိရှိနားလည်ထားပြီး ဖြစ်ပါသည်။

၃.၅။ Time Definite Delivery (TDD) ၏ ကွန်ပျူတာစနစ်များ သို့မဟုတ် ကွန်ရက်များ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်း စေမည့် မည်သည့် လုပ်ရပ်ကိုမျှ မကျူးလွန်ရန် နှင့်/သို့မဟုတ် အဆိုပါ ကွန်ပျူတာစနစ်များ သို့မဟုတ် ကွန်ရက်များသို့ ခွင့်ပြုထားခြင်းမရှိဘဲ ဝင်ရောက်ခြင်းမပြုရန် သဘောတူညီ ထားပြီးဖြစ်ပါသည်။

၃.၆။ အခြားအဖွဲ့ဝင်အိုင်ဒီများ သို့မဟုတ် တတိယလူ/အဖွဲ့အစည်းများ အသုံးပြု၍ မိမိအတွက် အကောင်းမြင်မှတ်ချက်များ ရေးသားခြင်း သို့မဟုတ် အခြားအသုံးပြုသူအတွက် အဆိုးမြင် မှတ်ချက်များ ရေးသားခြင်းကဲ့သို့ Time Definite Delivery (TDD) မှတ်ချက်စနစ်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်း စေမည့် မည်သည့်လုပ်ရပ်ကိုမျှ ကျူးလွန်ခြင်းမပြုရန် သဘောတူညီထားပြီး ဖြစ်ပါသည်။

၃.၇။ ဆိုက်များတွင် မည်သည့် သတင်းအချက်အလက်၊ အကြောင်းအရာ သို့မဟုတ် အချက်အလက် ကုန်ကြမ်း (“သုံးစွဲသူ၏ အကြောင်းအရာ) များတင်ခြင်း သို့မဟုတ် ပြသခြင်း သို့မဟုတ် Time Definite Delivery (TDD) သို့မဟုတ် ကျွန်ုပ်တို့၏ ကိုယ်စားလှယ် (များ) ထံသို့ မည်သည့် သုံးစွဲသူ အကြောင်းအရာကိုမဆို ပေးပို့ခြင်းနှင့် တည်ဆဲဥပဒေမှ ကန့်သတ် ထားသည့် အတိုင်းအတာအထိ ပေးပို့ခြင်းအားဖြင့် Time Definite Delivery (TDD) တွင် ပြသရန်၊ ကူးပြောင်းရန်၊ ဖြန့်ချိရန်၊ ပြန်လည်ထုတ်လုပ်ရန်၊ ထုတ်ဝေရန်၊ ပွားယူရန်၊ ကူးယူရန်၊ အဆင့်မြှင့်တင်ရန်၊ ဘာသာပြန်ဆိုရန်၊ ကူးယူမှုများ ဖန်တီးရန်နှင့် တစ်နည်းအားဖြင့် ပုံစံ၊ မီဒီယာ သို့မဟုတ် သိရှိထားပြီးသော သို့မဟုတ် လတ်တလောတွင် မသိရှိထားရသေးသော နည်းပညာများ အနက်မှ မည်သည်နှင့်မဆို မည်သည့် သို့မဟုတ် အားလုံးသော အသုံးပြုသူ အကြောင်းအရာများကို အသုံးပြုရန်နှင့် ဆိုက်များ လည်ပတ်ခြင်း၊ မည်သည့် ဝန်ဆောင်မှုမဆို၏ ပြဋ္ဌာန်းချက်များ နှင့်/သို့မဟုတ် အသုံးပြုသူ၏ စီးပွားရေး လုပ်ငန်း အတွက် အကျိုးဖြစ်ထွန်းစေမည့် မည်သည့် ရည်ရွယ်ချက်အတွက်မဆို ပြောင်းလဲမည် မဟုတ်သော၊ ရပ်နားခြင်းမရှိသော၊ ကမ္ဘာတစ်ဝန်းဖြစ်သော၊ မူပိုင်ခလွတ်ကင်းသော နှင့် လိုင်စင်ခွဲဝေပေးနိုင်သော (အဆင့်များစွာမှတစ်ဆင့်) လိုင်စင်ကို Time Definite Delivery (TDD) အား ပေးအပ်ပြီး ဖြစ်သည်။ အထက်ဖော်ပြပါလိုင်စင်ကို ပေးအပ်ရန် လိုအပ်သည့် အခွင့်အရေး၊ အာဏာနှင့် လုပ်ပိုင်ခွင့်အားလုံး သင့်ထံတွင် တည်ရှိပြီးဖြစ်ကြောင်းကို Time Definite Delivery (TDD) အား အတည်ပြု အာမခံပြီးဖြစ်သည်။ အချက် အလက်ကာကွယ်ရေးဥပဒေများဖြင့် ကာကွယ်ပေးထားသော သတင်းအချက်အလက်များကိုသာ အသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါဥပဒေများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ပါသည်။

၄။ အဖွဲ့ဝင်အကောင့်များ

၄.၁။ ဝင်ရောက်ခွင့်ရရန် သို့မဟုတ် အချို့သော ဝန်ဆောင်မှုများ အသုံးပြုရန် အသုံးပြုသူ အနေဖြင့် ဆိုက်များတွင် မှတ်ပုံတင်စာရင်း ပေးသွင်းရပါမည်။ (မှတ်ပုံတင်စာရင်း ပေးသွင်းထားသော အသုံးပြုသူကို ဆက်လက်၍ “အဖွဲ့ဝင်” ဟုလည်း ရည်ညွှန်းသွားမည် ဖြစ်ပါသည်။) Time Definite Delivery (TDD) ၏ ခွင့်ပြုချက်မှလွဲ၍ ဆိုက်များတွင် အသုံးပြုသူ တစ်ဦးလျှင် အဖွဲ့ဝင်အကောင့် တစ်ခုသာ စာရင်းပေးသွင်းနိုင်မည်ဖြစ်ပါသည်။ အသုံးပြုသူတစ်ဦးသည် နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော အဖွဲ့ဝင်အကောင့်များကို မှတ်ပုံတင်ထားကြောင်း သို့မဟုတ် ကိုင်တွယ်နေကြောင်း သံသယရှိရန် အကြောင်းရင်းရှိပါက အသုံးပြုသူ၏ အဖွဲ့ဝင်အကောင့်ကို Time Definite Delivery (TDD) မှ စိစစ်ဖျက်သိမ်းနိုင်သည်။ ထို့အပြင် မည်သည့် အကြောင်းပြချက်ဖြင့်ဖြစ်စေ အသုံးပြုသူ၏ မှတ်ပုံတင်ရန် လျှောက်လွှာကို Time Definite Delivery (TDD) မှ ငြင်းပယ်နိုင်သည်။

၄.၂။ ဆိုက်များတွင် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်သော အသုံးပြုသူတစ်ဦးချင်းစီကို Time Definite Delivery (TDD) မှ အကောင့်တစ်ခုချမှတ်ပေးနိုင်ပြီး အဖွဲ့ဝင်အိုင်ဒီနှင့် လျှို့ဝှက်စကားလုံးများ ထုတ်ပေးနိုင်သည် (ဒုတိယ အကြောင်းအရာနှင့်စပ်လျဉ်း၍ မှတ်ပုံတင်စဉ်အချိန်အတွင်း မှတ်ပုံတင်သော အဖွဲ့ဝင်မှ ရွေးချယ်နိုင်သည်။) အကောင့်တစ်ခုတွင် အဖွဲ့ဝင်အနေဖြင့် မေးလ်များ ပို့ရန်၊ လက်ခံရန်အတွက် သတ်မှတ်ထားသော သိမ်းဆည်းရန် နေရာ အကန့်အသတ်ဖြင့် ဝက်ဘ်ဆိုက်အခြေခံ အီးမေးလ်အကောင့်တစ်ခု ရှိမည်ဖြစ်သည်။

၄.၃။ အဖွဲ့ဝင်အိုင်ဒီနှင့် လျှို့ဝှက်စကားလုံးသည် အကောင့်တစ်ခုချင်းစီအတွက် မတူညီပါ။ မိမိ၏ အဖွဲ့ဝင်အိုင်ဒီ၊ လျှို့ဝှက်စကားလုံး၏ အတွင်းရေးကိစ္စနှင့် လုံခြုံရေးထိန်းသိမ်းမှုများ၊ မိမိအကောင့်တွင် ဆောင်ရွက်ဖြစ်ပေါ်သည့် လုပ်ဆောင်ချက် အားလုံးအတွက် အဖွဲ့ဝင် တစ်ဦးချင်းစီ၌သာ အပြည့်အဝတာဝန်ရှိမည်ဖြစ်သည်။ မိမိ၏ အဖွဲ့ဝင်အကောင့်၊ အိုင်ဒီ (သို့မဟုတ်) လျှို့ဝှက်စကားလုံးကို အဖွဲ့ဝင်၏ ကိုယ်ပိုင်စီးပွားရေး အသိုက်အဝန်းပြင်ပမှ လူသို့ မျှဝေခြင်း၊ ပေးအပ်ခြင်း သို့မဟုတ် အသုံးပြုရန် ခွင့်ပြုခြင်းများကို မည်သည့်အဖွဲ့ဝင်မှ မလုပ်ဆောင်ရပါ။ မိမိ၏ လျှို့ဝှက်စကားလုံး သို့မဟုတ် အကောင့် သို့မဟုတ် မိမိအကောင့်၏ မည်သည့် လုံခြုံရေး အချက်အလက် ကိုမဆို မိမိ၏ ခွင့်ပြုချက်မပါရှိဘဲ အသုံးပြုသည်ကို သတိပြုမိပါက Time Definite Delivery (TDD) ကို ချက်ချင်းအကြောင်းကြားရန် အဖွဲ့ဝင်မှ သဘောတူညီပြီးဖြစ်သည်။

၄.၄။ မိမိအကောင့်မှ လုပ်ဆောင်ချက်များအားလုံး (ကန့်သတ်ချက်မရှိဘဲ မည်သည့်ကုမ္ပဏီ သို့မဟုတ် ထုတ်ကုန် အချက်အလက်များ တင်ခြင်း၊ မည်သည့် ထပ်ဆောင်း သဘောတူညီချက် သို့မဟုတ် စည်းမျဉ်းစည်းကမ်းများကို လက်ခံခြင်း၊ မည်သည့် ဝန်ဆောင်မှုကို မဆို ရယူခြင်း သို့မဟုတ် ငွေပေးချေခြင်း၊ အီးမေးလ်အကောင့်အသုံးပြု၍ မေးလ်များ ပေးပို့ခြင်း (သို့မဟုတ်) စာတိုပေးပို့ခြင်းများအပါအဝင်) သည် အဖွဲ့ဝင်မှ ခွင့်ပြုသည်ဟု မှတ်ယူပြီးဖြစ်ကြောင်း အဖွဲ့ဝင်မှ သဘောတူညီပြီးဖြစ်သည်။

၄.၅။ မိမိအကောင့်ကို အခြားလူများဖြင့် ခွဲဝေသုံးစွဲခြင်း သို့မဟုတ် မိမိ၏ စီးပွားရေး အသိုက်အဝန်း ပြင်ပမှ တစ်ယောက်ထက်ပိုသော အသုံးပြုသူများအား မိမိအကောင့်ကို သုံးစွဲခွင့်ပြုခြင်း (ခြုံငုံ၍ “တစ်ဦးထက်ပိုသော အသုံးပြုမှု”) သည် Time Definite Delivery (TDD) နှင့် အခြားအသုံးပြုသူများအား ထိခိုက်မှုဖြစ်စေနိုင်ကြောင်း အဖွဲ့ဝင်မှ သိရှိပြီးဖြစ်သည်။ မိမိ အကောင့်အား တစ်ဦးထက်ပို၍ အသုံးပြုမှုမှ ဖြစ်ပေါ်လာသော မည်သည့်ထိခိုက်ဆုံးရှုံးမှု (ကန့်သတ်ထားခြင်းမရှိသော အကျိုးအမြတ်ဆုံးရှုံးမှုများအပါအဝင်) ကိုမဆို Time Definite Delivery (TDD)၊ ကျွန်ုပ်တို့၏ ဆက်စပ် အဖွဲ့အစည်းများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ အေးဂျင့်များနှင့် ကိုယ်စားလှယ်များအား အဖွဲ့ဝင်မှ အာမခံ ရမည်ဖြစ်သည်။ မိမိအကောင့်အား တစ်ဦးထက် ပို၍ အသုံးပြုမှု သို့မဟုတ် မိမိအကောင့်၏ လုံခြုံရေးကို ထိန်းသိမ်းရန် အဖွဲ့ဝင်၏ ပျက်ကွက်မှုကြောင့် ဖြစ်ပေါ်လာသော မည်သည့်ပျက်စီးဆုံးရှုံးမှုအတွက်မဆို Time Definite Delivery (TDD) မှ တာဝန်မရှိကြောင်းနှင့် အဖွဲ့ဝင်၏ တာဝန်ယူမှုမရှိဘဲ အဖွဲ့ဝင်အကောင့်အား ရပ်ဆိုင်း (သို့မဟုတ်) ဖျက်သိမ်းပိုင်ခွင့် Time Definite Delivery (TDD) တွင် ရှိကြောင်းလည်း အဖွဲ့ဝင်မှ သဘောတူညီပြီး ဖြစ်သည်။

၅။ အဖွဲ့ဝင်၏ တာဝန်များ

၅.၁။ အဖွဲ့ဝင်တိုင်းသည် -

(က) အောက်ဖော်ပြပါ စည်းကမ်းချက်များကို လက်ခံရန်၊ လိုင်စင်နှင့် အခွင့်အာဏာ ပေးအပ်ရန်နှင့် စည်းကမ်း ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လုပ်ပိုင်ခွင့် အာဏာ အပြည့်အဝရှိကြောင်း။

( ခ) ဆိုက်များနှင့် ဝန်ဆောင်မှုများကို စီးပွားရေး ရည်ရွယ်ချက်များ အတွက်သာ အသုံးပြုကြောင်းနှင့်။

( ဂ) မှတ်ပုံတင်ရာတွင် စာရင်းပေးသွင်းထားသော နေရပ်လိပ်စာသည် မိမိစီးပွားရေး လုပ်ငန်း အခြေစိုက်ရာနေရာဖြစ်ကြောင်း ကိုယ်စားပြု၊ အာမခံ၊ သ‌ဘောတူညီပြီး ဖြစ်ပါသည်။ ဤပြဋ္ဌာန်းချက်၏ ရည်ရွယ်ချက်များအတွက် ရုံးခွဲ (သို့မဟုတ်) ညှိနှိုင်းရေးရုံးအား သီးခြားအဖွဲ့အစည်းအဖြစ် ထည့်သွင်းစဉ်းစားမည် မဟုတ်ဘဲ သင်၏ စီးပွားရေး အခြေစိုက်ရာ နေရာသည် သင်၏ ရုံးချုပ်ဌာနအဖြစ် သတ်မှတ်ယူဆ သွားမည်ဖြစ်ပါသည်။

၅.၂။ အဖွဲ့ဝင်အနေဖြင့် ဆိုက်များတွင် မှတ်ပုံတင်ရာတွင် (သို့မဟုတ်) မည်သည့် ဝန်ဆောင်မှု ကိုမဆို အသုံးပြုမှု (သို့မဟုတ်) အဖွဲ့ဝင်အကောင့်အတွက် သင်၏ အဖွဲ့အစည်း၊ စီးပွားရေး (သို့မဟုတ်) ထုတ်ကုန်/ဝန်ဆောင်မှုများ၏ သတင်းအချက်အလက် (သို့မဟုတ်) အကြောင်းအရာ များကို ဖြည့်သွင်းပေးရမည်။ အဖွဲ့ဝင်တိုင်းသည် -

(က) မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် (သို့မဟုတ်) ဆိုက် (သို့မဟုတ်) ဝန်ဆောင်မှု ဆက်လက် အသုံးပြုနေစဉ် တစ်လျှောက် ဖြည့်သွင်းထားသော အဆိုပါသတင်းအချက်အလက် (သို့မဟုတ်) အကြောင်းအရာသည် မှန်ကန်ကြောင်း၊ တိကျကြောင်း၊ လက်ရှိ အချက်အလက် ဖြစ်ကြောင်း၊ ပြီးပြည့်စုံကြောင်းနှင့်။

( ခ) ဆက်လက် မှန်ကန်၊ တိကျ၊ လက်ရှိအချက်အလက် ဖြစ်ကြောင်းနှင့် ပြီးပြည့်စုံ နေစေရန် သတင်းအချက်အလက်နှင့် အကြောင်းအရာကို အခါအားလျော်စွာ ပြင်ဆင်မွမ်းမံ သွားမည်ဖြစ်ကြောင်း ကိုယ်စားပြု၊ အာမခံ၊ သ‌ဘောတူညီပြီး ဖြစ်ပါသည်။

၅.၃။ အဖွဲ့ဝင်ဖြစ်လာသည်နှင့်အတူ ကျွန်ုပ်တို့၏ ဝယ်ယူသူဒေတာဘေ့စ်ရှိ သင်၏ ဆက်သွယ်ရန် အချက်အလက် ပါဝင်ထည့်သွင်းရန် သဘောတူညီပြီးဖြစ်သည်။ ဆက်သွယ်ရန် အချက်အလက်များကို အခြားအသုံးပြုသူများအား မျှဝေရန် (သို့မဟုတ်) ကိုယ်ရေး အချက်အလက် မူဝါဒနှင့်အညီ သင့်ကိုယ်ရေး အချက်အလက်များအား အသုံးပြုရန် Time Definite Delivery (TDD) နှင့် ကျွန်ုပ်တို့၏ ဆက်စပ်အဖွဲ့အစည်းများကို အခွင့်အာဏာအပ်နှင်းပြီးဖြစ်သည်။

၅.၄။ အဖွဲ့ဝင်တိုင်းသည် -

(က) မည်သည့်အသုံးပြုသူအကြောင်းအရာနှင့်မဆို စပ်လျဉ်း၍ လိုအပ်သော တတိယလူ/ အဖွဲ့အစည်း လိုင်စင်များနှင့် ခွင့်ပြုချက်များ ရရှိရေးအတွက် တင်ပြ၊ ပြသခြင်းများ အတွက် သင့်တွင် အလုံးစုံတာဝန်ရှိကြောင်း။

( ခ) သင်တင်သွင်း၊ တင်ပြ (သို့မဟုတ်) ပြသသည့် မည်သည့် အသုံးပြုသူ အကြောင်းအရာ မဆို မည်သည့်မူပိုင်ခွင့် မှတ်ပုံတင်၊ ကုန်ပစ္စည်းအမှတ်တံဆိပ်၊ ကုန်ပစ္စည်းအမည်၊ ကုန်သွယ်ရေးလျှို့ဝှက်ချက် (သို့မဟုတ်) အခြား မည်သည့် တတိယလူ/အဖွဲ့အစည်း (“တတိယလူ/အဖွဲ့အစည်း ရပိုင်ခွင့်များ”) ၏ ကိုယ်ရေး (သို့မဟုတ်) ပိုင်ဆိုင်မှုနှင့်ပတ်သက်သော အခွင့်အရေးများကို မထိပါး၊ မချိုးဖောက်ရန်။

( ဂ) သင့်အနေဖြင့် အသုံးပြုသူအကြောင်းအရာတွင် ဖော်ပြထားသော ထုတ်ကုန်များ (သို့မဟုတ်) ဝန်ဆောင်မှုများကို ရောင်းချရန်၊ ကုန်သွယ်ရန်၊ ဖြန့်ချိရန် သို့မဟုတ် တင်ပို့ရန် သို့မဟုတ် ရောင်းချရန်၊ ကုန်သွယ်ရန်၊ ဖြန့်ချိရန် သို့မဟုတ် တင်ပို့ရန် ကမ်းလှမ်းမှု ပြုလုပ်ရန် လုပ်ပိုင်ခွင့် အာဏာရှိပြီး အဆိုပါ ရောင်းချခြင်း၊ ကုန်သွယ်ခြင်း၊ ဖြန့်ချိခြင်း (သို့မဟုတ်) တင်ပို့ခြင်း (သို့မဟုတ်) ကမ်းလှမ်းခြင်းသည် တတိယလူ/အဖွဲ့အစည်း၏ ရပိုင်ခွင့်များကို မချိုးဖောက်ရန်။

(ဃ) သင်နှင့် သင်၏ ဆက်စပ်အဖွဲ့အစည်းများသည် မည်သည့်နိုင်ငံ၊ နိုင်ငံတကာ အဖွဲ့အစည်း (သို့မဟုတ်) ဥပဒေ အဖွဲ့အစည်းမှ ချမှတ်ထားသော မည်သည့် ကုန်သွယ်ရေး ကန့်သတ်ချက်၊ တားမြစ်ပိတ်ပင်ချက်များ (သို့မဟုတ်) အခြား ဥပဒေအရ တားမြစ်ချက်များဖြင့် ပိတ်ပင်တားဆီးခံရထားသည့် အဖွဲ့အစည်းများ မဖြစ်ရန် ကိုယ်စားပြု၊ အာမခံ၊ သ‌ဘောတူညီပြီးဖြစ်ပါသည်။

၅.၅။ ရှေ့လျှောက် သင်တင်ပြ၊ ပြသသည့် အသုံးပြုသူအကြောင်းအရာများသည် -

(က) မှန်ကန်၊ တိကျ၊ ပြည့်စုံပြီး တရားဥပဒေနှင့် ကိုက်ညီကြောင်း။

( ခ) မှားယွင်း၊ အထင်အမြင်မှားစေရန် လှည့်စားသော သို့မဟုတ် လှည့်ဖြားတတ်သော အရာများ မဟုတ်ကြောင်း။

( ဂ) ဂုဏ်သိက္ခာ ကျဆင်းစေသော၊ အသရေဖျက်သော၊ ခြိမ်းခြောက်သော သို့မဟုတ် အနှောင့်အယှက်ပေးသော၊ မဖွယ်မရာဖြစ်သော၊ မနှစ်မြို့ဖွယ်ရာဖြစ်သော၊ စော်ကားသော၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသော (သို့မဟုတ်) လူနည်းစုအား ထိခိုက်စေသော သတင်းအချက်အလက်များ မပါဝင်ကြောင်း။

(ဃ) ခွဲခြားဆက်ဆံသော (သို့မဟုတ်) လူမျိုး၊ လိင်၊ ဘာသာရေး၊ နိုင်ငံသား၊ မသန်စွမ်းဖြစ်မှု၊ လိင်စိတ်ခံယူချက် (သို့မဟုတ်) အသက်အရွယ်ပေါ် ခွဲခြား ဆက်ဆံမှုကို အားပေးသော သတင်းအချက်အလက်များ မပါဝင်ကြောင်း။

( င) မည်သည့် တည်ဆဲ ထပ်ဆောင်း သဘောတူညီချက်များ (သို့မဟုတ်) အခြား စည်းကမ်းချက် များကို မချိုးဖောက်ကြောင်း။

( စ) မည်သည့် တည်ဆဲဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ (တည်ဆဲပို့ကုန်ထိန်းချုပ်မှု၊ စားသုံးသူကာကွယ်မှု၊ မမျှတသော ပြိုင်ဆိုင်မှု (သို့မဟုတ်) မှားယွင်းသော ကြော်ငြာများ အပါအဝင်) ကို မချိုးဖောက်ရန် (သို့မဟုတ်) မည်သည့် တည်ဆဲ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်နိုင်သည့် မည်သည့် လုပ်ဆောင်ချက် များကိုမဆို အားပေးအားမြှောက် မပြုလုပ်ရန်။

(ဆ) စည်းကမ်းချက်များကို ချိုးဖောက်နိုင်သည့် မည်သည့်အကြောင်းအရာမဆို ပါဝင်သော မည်သည့်အခြား ဝက်ဘ်ဆိုက်များကိုမဆို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ ဖြစ်စေ လမ်းညွှန်သော မည်သည့် link မျှ မပါဝင်ရန် အဖွဲ့ဝင်တိုင်းမှ ကိုယ်စားပြု၊ အာမခံ၊ သဘောတူညီပြီး ဖြစ်ပါသည်။

၅.၆။ သင်သည် -

(က) ဆိုက်ပေါ်ရှိ လုပ်ဆောင်ချက်များကို မည်သည့်တည်ဆဲဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများ မဆိုနှင့်အညီ လုပ်ဆောင်ရန်။

( ခ) သင်၏ စီးပွားရေးလုပ်ဆောင်ချက်များကို ဆိုက်ရှိ အခြားအသုံးပြုသူများနှင့် ယုံကြည်မှုဖြင့် လုပ်ဆောင်ရန်။

( ဂ) သင်၏ လုပ်ဆောင်ချက်များကို စည်းမျဉ်း စည်းကမ်းများနှင့် မည်သည့်တည်ဆဲ ထပ်ဆောင်းသဘောတူညီ ချက်များနှင့်မဆို အညီ ဆောင်ရွက်ရန်။

(ဃ) မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း (ခိုးရာပါပစ္စည်းများ ရောင်းချခြင်း၊ ခိုးရာပါ credit/debit ကတ်များ အသုံးပြုခြင်းများ အပါအဝင်) ကိုမဆို လိမ်လည်ရန် ဝန်ဆောင်မှုများ (သို့မဟုတ်) ဆိုက်များကို အသုံးမပြုရန်။

( င) မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအဖြစ်မဆို အယောင်ဆောင်ခြင်း မပြုရန်၊ သင်ကိုယ်တိုင် (သို့မဟုတ်) သင်၏ ဆက်စပ်အဖွဲ့အစည်းကို မည်သည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်း အဖြစ်မဆို မှားယွင်း ကိုယ်စားမပြုရန်။

( စ) အစုလိုက်အပြုံလိုက် စာတိုပေးပို့ခြင်း (spamming) (သို့မဟုတ်) ကိုယ်ရေး အချက်အလက် လိမ်လည်ရယူရန် မေးလ်ပေးပို့ခြင်း (phishing) လုပ်ဆောင်ချက် များတွင် ပါဝင်ပတ်သက်ခြင်းမပြုရန်။

(ဆ) ဥပဒေနှင့်မညီညွတ်သော အခြားမည်သည့် ဆောင်ရွက်ချက်များ (ရာဇဝတ်မှု ကျူးလွန်ခြင်း၊ နိုင်ငံသား လုပ်ပိုင်ခွင့်ပေးခြင်းအစရှိသည်တို့ အပါအဝင်) တွင် ပါဝင်ပတ်သက်ခြင်းမပြုရန် (သို့မဟုတ်) ဥပဒေနှင့်မညီညွတ်သော ဆောင်ရွက်ချက် များကို အားပေးအားမြှောက်မပြုရန် (သို့မဟုတ်) အားပေးကူညီခြင်း မပြုရန်။

( ဇ) ကူးယူခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း၊ ကိုယ်ကျိုးအတွက် အမြတ်ထုတ်ခြင်း (သို့မဟုတ်) Time Definite Delivery (TDD) ပိုင်ဆိုင်သော လမ်းညွှန်ချက်များ၊ ဒေတာဘေ့စ်များနှင့် စာရင်းများအား သိမ်းယူရန် ကြိုးစားအားထုတ်မှု များတွင် ပါဝင် ပတ်သက်ခြင်း မပြုရန်။

( စျ) မည်သည့်ဆော့ဖ်ဝဲ (သို့မဟုတ်) ဟာ့ဒ်ဝဲစနစ်၊ ဒေတာ (သို့မဟုတ်) ကိုယ်ရေး အချက်အလက်များကို မဆို ထိခိုက်၊ နှောင့်ယှက်၊ ကြားဖြတ် (သို့မဟုတ်) သိမ်းယူနိုင်သည့် မည်သည့် ကွန်ပျူတာဗိုင်းရပ်စ်များ (သို့မဟုတ်) အခြား ဖျက်ဆီးတတ်သော ကိရိယာများနှင့် ကုတ်နံပတ်များ၌ ပါဝင်ပတ်သက်ခြင်း မပြုရန်။

(ည) Time Definite Delivery (TDD) နှင့် အခြားသော ဆိုက်အသုံးပြုသူများ အသုံးပြုသည့် ဒေတာ၊ စနစ် (သို့မဟုတ်) ကွန်ရက်များ၏ ဂုဏ်သိက္ခာကို လျော့ပါးရန် မည်သည့် အစီအစဉ်တွင် မဆို ပါဝင်ပတ်သက်ခြင်းမပြုရန် (သို့မဟုတ်) အဆိုပါ ဒေတာ၊ စနစ် (သို့မဟုတ်) ကွန်ရက်များသို့ အခွင့်မရှိဘဲ ဝင်ရောက်ခွင့်ရရန် မည်သည့်အစီအစဉ်တွင်မဆို ပါဝင် ပတ်သက်ခြင်းမပြုရန်။

( ဋ) သင့် ဒါရိုက်တာ (များ)၊ အရာရှိ (များ)၊ ထိန်းချုပ်နိုင်သော အဖွဲ့အစည်း (များ)၊ ဆက်စပ် အဖွဲ့အစည်းများ နှင့် ဥပဒေအဖွဲ့အစည်းများသည် မည်သည့်အစိုးရ၊ နိုင်ငံတကာ (သို့မဟုတ်) စည်းကမ်း သတ်မှတ်ရာ အဖွဲ့အစည်းများ၏ မည်သည့် စီးပွားရေး (သို့မဟုတ်) လိမ်လည်မှုဆိုင်ရာ ပိတ်ဆို့မှုများအား စီမံခန့်ခွဲနေသော (သို့မဟုတ်) ပါဝင်ပတ်သက်နေသော လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းများ မဖြစ်စေရန်။

( ဌ) Time Definite Delivery (TDD) (သို့မဟုတ်) ကျွန်ုပ်တို့၏ ဆက်စပ်အဖွဲ့အစည်းများအတွက် မည်သည့် တာဝန်ကိုမှ တစ်နည်းအားဖြင့် ဖန်တီးပေးမည့် မည်သည့် လုပ်ဆောင်မှုများတွင် မဆို ပါဝင်ပတ်သက်ခြင်းမပြုရန် အဖွဲ့ဝင်တိုင်းမှ ကိုယ်စားပြု၊ အာမခံ၊ သဘောတူညီပြီး ဖြစ်ပါသည်။

၅.၇။ Time Definite Delivery (TDD) ၏ စီးပွားရေးလုပ်ငန်းနှင့် တူညီသော (သို့မဟုတ်) ဆင်တူသော ဝန်ဆောင်မှု များနှင့် လုပ်ဆောင် မှုများ၌ ပါဝင်ပတ်သက်ရန် အဖွဲ့ဝင်အကောင့် ဖန်တီးခြင်းများ မပြုလုပ်ရ၊ ဝန်ဆောင်မှုများ အသုံးမပြုရ။

၅.၈။ အကယ်၍ အဖွဲ့ဝင်တစ်ဦးမှ စီးပွားရေးအာမခံသူ ဖော်ပြပါက ၎င်းတို့ထံမှ လိုအပ်သော သဘောတူညီချက် များ၊ ခွင့်ပြုချက်များနှင့် တရားဝင်စာများရရှိပြီး -

(က) သင့်၏ စီးပွားရေးအာမခံသူအဖြစ် ဆောင်ရွက်ပေးရန်။

( ခ) ၎င်းတို့၏ ဆက်သွယ်ရန် အချက်အလက် အသေးစိတ်၊ ထောက်ခံစာများနှင့် ၎င်းတို့ကိုယ်စား မှတ်ချက်များ ပေးရန်။

( ဂ) အဆိုပါ တတိယလူ/အဖွဲ့အစည်းများမှ ၎င်းထောက်ခံသူများကို ဆက်သွယ်ပြီး သင့်အကြောင်း ထောက်ခံချက်များ၊ မှတ်ချက်များပေးရန် တောင်းဆိုရန် အဖွဲ့ဝင်တိုင်းမှ ကိုယ်စားပြု၊ အာမခံ၊ သဘောတူညီပြီး ဖြစ်ပါသည်။

၅.၉။ အဖွဲ့ဝင်အနေဖြင့် စည်းကမ်းချက်များ ချိုးဖောက်ခြင်း ရှိ/မရှိ၊ အဖွဲ့ဝင်နှင့်ပတ်သက်၍ မည်သည့်မကျေနပ်ချက်များ ရှိ/မရှိ ဆန်းစစ်ရန် Time Definite Delivery (TDD) ၏ ဝန်ဆောင်မှုများ၏ ပြဋ္ဌာန်းချက်များအတွက် လိုအပ်သော သတင်းအချက်အလက်၊ ကုန်ကြမ်းများ၊ ခွင့်ပြုချက်များနှင့် ကျိုးကြောင်းညီညွတ်သည့် ထောက်ပံ့မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပေးအပ်ရန် အဖွဲ့ဝင်မှ သဘောတူညီပြီးဖြစ်သည်။ အကယ်၍ ထိုသို့ဆောင်ရွက်ရန် အဖွဲ့ဝင်မှ ပျက်ကွက်ပြီး မည်သည့်ဝန်ဆောင်မှုမဆို၏ ပြဋ္ဌာန်းချက်များကိုမဆို နှောင့်နှေးစေ၊ ရပ်ဆိုင်းစေ (သို့မဟုတ်) ရပ်စဲစေမည်ဆိုပါက သက်ဆိုင်ရာဝန်ဆောင်မှုသက်တမ်း တိုးမြှင့်ပေးရန် (သို့မဟုတ်) အဆိုပါ နှောင့်နှေးမှု၊ ရပ်ဆိုင်းမှု (သို့မဟုတ်) ရပ်စဲမှုများမှ ဖြစ်ပေါ်လာသော မည်သည့် ဆုံးရှုံးပျက်စီးမှုမျိုးမဆိုအတွက် Time Definite Delivery (TDD) တွင် တာဝန်ရှိမည် မဟုတ်ပါ။

၅.၁၀။ ဝန်ဆောင်မှုများ (သို့မဟုတ်) ဆိုက်များမှတစ်ဆင့် ဖန်တီး၊ ရရှိနိုင်သော မည်သည့်စာတို (သို့မဟုတ်) ကုန်ကြမ်းအကြောင်းအရာ (သို့မဟုတ်) သတင်း အချက်အလက် မဆို၏ အကြောင်းအရာအပေါ် Time Definite Delivery (TDD) မှ အမြဲမပြတ် စောင့်ကြည့် (သို့မဟုတ်) တည်းဖြတ်မှု ဆောင်ရွက်ပေးရန် မလိုအပ်ကြောင်း အဖွဲ့ဝင်မှ သိရှိ၊ သဘောတူညီပြီး ဖြစ်ပါသည်။ မည်သည့်အဖွဲ့ဝင်မဆို၏ မည်သည့်မှတ်ချက်အကြောင်းအရာ (သို့မဟုတ်) အခြားကုန်ကြမ်း အကြောင်းအရာ (သို့မဟုတ်) သတင်းအချက်အလက်များကို Time Definite Delivery (TDD) မှ ထောက်ခံ ပေးခြင်း၊ အတည်ပြုပေးခြင်း (သို့မဟုတ်) မှန်ကန်ကြောင်း ဖော်ပြပေးခြင်းများ ပြုလုပ်မည် မဟုတ်ပါ။ ၎င်းတို့၏ ဆက်သွယ်ရေးအကြောင်းအရာများအတွက် အဖွဲ့ဝင်အသီးသီးတွင် အပြည့်အဝ တာဝန်ရှိပြီး ၎င်းတို့၏ အကြောင်းအရာများ (သို့မဟုတ်) အခြားကုန်ကြမ်း အကြောင်းအရာများ (သို့မဟုတ်) သတင်းအချက်အလက်များ အတွက် တရားဥပဒေအရ တာဝန်ခံရမည်ဖြစ်သည်။

၅.၁၁။ ဝန်ဆောင်မှုများကို စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းသုံးအတွက် ကိုယ်စားလှယ်များသာ အသုံးပြုရမည်ဖြစ်ပြီး တစ်ဦးချင်းသုံးစွဲသူများ (သို့မဟုတ်) တစ်ကိုယ်ရေသုံးစွဲမှုအတွက် မဟုတ်ကြောင်း အဖွဲ့ဝင်များမှ သိရှိသဘောတူညီပြီး ဖြစ်ပါသည်။

၅.၁၂။ ဆိုက်နှင့်ဝန်ဆောင်မှု အသုံးပြုမှုအားလုံးသည် တည်ဆဲဥပဒေများနှင့် သက်ဆိုင်ရာ ဥပဒေပိုင်း စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီကြောင်း အတည်ပြုရန် လေ့လာခြင်းသည် အဖွဲ့ဝင်တစ်ဦးချင်းထံ၌သာ အပြည့်အဝ တာဝန်ရှိကြောင်း အဖွဲ့ဝင်မှ သိရှိသဘောတူညီပြီး ဖြစ်ပါသည်။

၆။ အဖွဲ့ဝင်များ၏ စည်းမျဉ်းစည်းကမ်းချိုးဖောက်ခြင်းများ

၆.၁။ ဆိုက်ပေါ်တွင် သင် တင်သွင်း၊ ပို့စ်တင် (သို့မဟုတ်) ပြသသည့် မည်သည့် သုံးစွဲသူ အကြောင်းအရာမဆိုသည် တရားဥပဒေနှင့် မညီညွတ်ကြောင်း၊ စည်းကမ်းချက်များနှင့် မကိုက်ညီကြောင်း၊ Time Definite Delivery (TDD) (သို့မဟုတ်) ကျွန်ုပ်တို့၏ ဆက်စပ်အဖွဲ့အစည်းများ၏ တာဝန်ကို ထိခိုက်နိုင်ကြောင်း (သို့မဟုတ်) Time Definite Delivery (TDD) အမြင်တွင် မသင့်တော်ကြောင်း ကျိုးကြောင်းဆက်စပ်ဆင်ခြင်၍ ယုံကြည်ပါက မည်သည့်အကြောင်းအရာကိုမဆို ဖယ်ရှားခြင်း၊ အဆင့်မြှင့်တင်ခြင်း သို့မဟုတ် ပယ်ချခြင်းများ ပြုလုပ်ရန် Time Definite Delivery (TDD) တွင် လုပ်ပိုင်ခွင့်အပြည့်အဝရှိသည်။

၆.၂။ မည်သည့်အဖွဲ့ဝင်မဆို မည်သည့်စည်းကမ်းသတ်မှတ်ချက်များကိုမဆို ချိုးဖောက်ပါက (သို့မဟုတ်) ချိုးဖောက်သည်ဟု Time Definite Delivery (TDD) မှ ကျိုးကြောင်းဆီလျော်သော အကြောင်း ပြချက်များဖြင့် ယုံကြည်ပါက ဆီလျော်သည့် အရေးယူမှုများ ဆောင်ရွက်ပိုင်ခွင့် Time Definite Delivery (TDD) တွင်ရှိသည် -

(က) အဖွဲ့ဝင်အကောင့်နှင့် အဆိုပါအကောင့်နှင့် ဆက်စပ်နေသည်ဟု Time Definite Delivery (TDD) မှ ယူဆသော မည်သည့် အကောင့် အားလုံးကိုမဆို ရပ်ဆိုင်းခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်း။

( ခ) မည်သည့်ဝန်ဆောင်မှုကိုမဆို လက်ရှိ (သို့မဟုတ်) အနာဂတ်တွင် အသုံးပြုရန် မှာယူခြင်း၊ ရယူခွင့် ကန့်သတ်ခြင်း၊ အဆင့်ချခြင်း၊ ခေတ္တရပ်ဆိုင်းခြင်း (သို့မဟုတ်) ရပ်ဆိုင်းခြင်း။

( ဂ) အဖွဲ့ဝင်မှ တင်ပြ၊ ပြသရန် တင်သွင်းထားသည့် ထုတ်ကုန်စာရင်းများ (သို့မဟုတ်) အသုံးပြုသူအကြောင်းအရာများကို ဖယ်ရှားခြင်း။

(ဃ) Time Definite Delivery (TDD) ၏ လုပ်ပိုင်ခွင့်အရ သင့်တော်သည်ဟု ယူဆသော မည်သည့် ဝန်ဆောင်မှု မဆို၏ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ အဖွဲ့ဝင်၏ အသုံးပြုခွင့်အပေါ် ကန့်သတ်ချက်များ ချမှတ်ခြင်း။

( င) Time Definite Delivery (TDD) ၏ လုပ်ပိုင်ခွင့်အရ သင့်တော်သည် (သို့မဟုတ်) လိုအပ်သည်ဟု ယူဆသော မည်သည့် အခြား အမှားပြင်ဆင်ခြင်းလုပ်ဆောင်ချက်များ၊ စည်းကမ်း (သို့မဟုတ်) အပြစ်ပေးမှုများ ချမှတ်ခြင်းတို့ကို Time Definite Delivery (TDD) မှ လုပ်ပိုင်ခွင့်ရှိသည်။

၆.၃။ စည်းကမ်းသတ်မှတ်ချက်များ၏ ပြဋ္ဌာန်းချက်များ၏ ယေဘုယျသဘောတရားကို ကန့်သတ် ထားခြင်းမရှိဘဲ အောက်ပါအခြေအနေများတွင် အဖွဲ့ဝင်များမှ စည်းကမ်းချိုးဖောက်သည်ဟု ယူဆသွားမည်ဖြစ်သည် -

(က) မည်သည့် တတိယလူ/အဖွဲ့အစည်းမဆို၏ တိုင်တန်းချက်ရှိခဲ့ပါက အဆိုပါ အဖွဲ့ဝင်သည် အဆိုပါ တတိယလူ/အဖွဲ့အစည်းနှင့် ချုပ်ဆိုထားသော စာချုပ်ကို ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ အခြေခံအားဖြင့်ဖြစ်စေ ဆောင်ရွက်ပေးရန် ပျက်ကွက် သည်ဟု Time Definite Delivery (TDD) မှ ယုံကြည်ရန် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက် များရှိပြီး၊ ပျက်ကွက်မှုဟုဆိုရာ၌ ဝယ်ယူသော ဈေးနှုန်းအတိုင်း ငွေပေးချေပြီး သော်လည်း အဆိုပါ တတိယလူ/ အဖွဲ့အစည်းမှ မှာယူသည့် မည်သည့် ပစ္စည်းကို မဆို ပို့ဆောင်ပေးရန် အဖွဲ့ဝင်မှ ပျက်ကွက်ခြင်း (သို့မဟုတ်) အဖွဲ့ဝင်မှ ပေးပို့လိုက်သည့် ပစ္စည်းများသည် အခြေခံအားဖြင့် အဆိုပါ တတိယလူ/အဖွဲ့အစည်းနှင့် ချုပ်ဆိုထားသော စာချုပ်ပါ သတ်မှတ်ချက်များ၊ ဖော်ပြချက်များနှင့် မကိုက်ညီမှုများ ပါဝင်ပါသည်။

( ခ) ခိုးယူထားသော Credit ကတ် (သို့မဟုတ်) တစ်ဖက်အဖွဲ့အစည်းနှင့် ငွေပေးချေမှု ပြုလုပ်ရာတွင် မမှန်ကန်သော၊ လှည့်စားထားသော သတင်းအချက်အလက်များကို အဆိုပါအဖွဲ့ဝင်မှ အသုံးပြုခဲ့သည်ဟု Time Definite Delivery (TDD) မှ သံသယရှိရန် ကျိုးကြောင်း ဆီလျော်သော အကြောင်းပြချက်များ ရှိပါက။

( ဂ) အဖွဲ့ဝင်မှ ပေးအပ်သော မည်သည့်အချက်အလက် မဆိုသည် လက်ရှိ အချက်အလက် မဟုတ်ကြောင်း (သို့မဟုတ်) မပြည့်စုံကြောင်း (သို့မဟုတ်) မမှန်ကန်၊ မတိကျ သို့မဟုတ် လှည့်စားထားသည်ဟု Time Definite Delivery (TDD) မှ သံသယရှိရန် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်များ ရှိပါက။

(ဃ) အဖွဲ့ဝင်၏ ဆောင်ရွက်ချက်များသည် Time Definite Delivery (TDD) အား ငွေကြေးဆုံးရှုံးမှု (သို့မဟုတ်) Time Definite Delivery (TDD) (သို့မဟုတ်) ဆက်စပ်အဖွဲ့အစည်းများ (သို့မဟုတ်) အခြား အသုံးပြု သူများ၏ ဥပဒေကြောင်းဆိုင်ရာ တာဝန်ကို ထိခိုက်စေသည်ဟု Time Definite Delivery (TDD) မှ ယုံကြည်ပါက စည်းကမ်းချိုးဖောက်သည်ဟု ယူဆသွားမည်ဖြစ်သည်။

၆.၄။ Time Definite Delivery (TDD) အနေဖြင့် မည်သည့်ရာဇဝတ်မှု (သို့မဟုတ်) လူမှုရေးဆိုင်ရာ ပြစ်မှု သံသယ များအား စုံစမ်းစစ်ဆေးမှုအတွက် အစိုးရ အာဏာပိုင်များ၊ အလွတ်တမ်းစုံထောက်များ နှင့်/ သို့မဟုတ် နစ်နာသူ တတိယလူ/အဖွဲ့အစည်းများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပိုင်ခွင့် ရှိသည်။ ထို့အပြင် အစိုးရ (သို့မဟုတ်) တရားဥပဒေအဖွဲ့အစည်း၊ နစ်နာသူ တတိယလူ/အဖွဲ့အစည်းမှ သမ္မန်စာ (သို့မဟုတ်) အခြားဥပဒေဆိုင်ရာ ဆောင်ရွက်ချက်အရ တောင်းဆိုလာပါက တည်ဆဲဥပဒေများနှင့် မူဝါဒများ၏ သတ်မှတ်ချက်အတိုင်း ဆိုက်ပေါ်၌ (သို့မဟုတ်) ဆိုက်မှတစ်ဆင့် ဆောင်ရွက်သော ငွေပေးချေမှုများ (သို့မဟုတ်) လုပ်ဆောင်မှုများ၊ အဖွဲ့ဝင်အကောင့် (များ) နှင့် စပ်လျဉ်း၍ အဖွဲ့ဝင် မည်သူမည်ဝါ ဖြစ်ကြောင်း အချက်အလက်၊ ဆက်သွယ်ရန် အချက်အလက်များကို Time Definite Delivery (TDD) မှ ဖော်ထုတ် ပေးနိုင်ခွင့်ရှိသည်။ အဆိုပါ ဖော်ထုတ်မှုများမှ ဖြစ်ပေါ်လာသော ထိခိုက်နစ်နာမှု ရလဒ်များအတွက် Time Definite Delivery (TDD) မှ တာဝန်ရှိမည်မဟုတ်ပါ။ အဆိုပါဖော်ထုတ်မှုအတွက် အဖွဲ့ဝင်မှ Time Definite Delivery (TDD) အား မည်သည့် အရေးယူမှု (သို့မဟုတ်) တောင်းဆိုမှုမှ ဆောင်ရွက်ခြင်းမပြုရန် အဖွဲ့ဝင်မှ သဘောတူညီပြီးဖြစ်ပါသည်။

၆.၅။ အဖွဲ့ဝင်အနေဖြင့် Time Definite Delivery (TDD) ၏ မည်သည့် ဆက်စပ်အဖွဲ့အစည်းမဆိုနှင့် မည်သည့် သဘောတူညီချက်ကို မဆို ချိုးဖောက်သည်ဟူသော သတိပေးချက်ကို Time Definite Delivery (TDD) မှ ရရှိပြီး အဆိုပါ ချိုးဖောက်မှုသည် မရိုးသားသော (သို့မဟုတ်) လိမ်လည်မှုနှင့် ဆက်စပ်နေသည်ဟု ကျိုးကြောင်းဆီလျော်စွာ သံသယရှိပါက အဖွဲ့ဝင်၏ တာဝန်မပါရှိဘဲ ၎င်းအဖွဲ့ဝင်၏ မည်သည့်ဝန်ဆောင်မှု သို့မဟုတ် ဆိုက်များအား အသုံးပြုခွင့်ကို မည်သည့်အချိန်တွင်မဆို ကျိုးကြောင်းဆီလျော်သော ဆုံးဖြတ်ပိုင်ခွင့်ဖြင့် Time Definite Delivery (TDD) မှ ခေတ္တရပ်ဆိုင်း သို့မဟုတ် ရပ်စဲမှုများဆောင်ရွက်၍ ကန့်သတ်ပိုင်ခွင့်ရှိသည်။ အဆိုပါချိုးဖောက်မှုကို စုံစမ်းစစ်ဆေးရန် သို့မဟုတ် အဖွဲ့ဝင်ထံမှ အတည်ပြုချက် တောင်းခံရန် Time Definite Delivery (TDD) အနေဖြင့် မလိုအပ်ပါ။

၆.၆။ အဖွဲ့ဝင်များ၏ ဆိုက်အသုံးပြုမှု (သို့မဟုတ်) ဝန်ဆောင်မှုများမှ မည်သည့် အသုံးပြုသူ အကြောင်းအရာကိုမဆို တင်သွင်းမှု၊ ပို့စ်တင်ခြင်း (သို့မဟုတ်) ပြသခြင်း (သို့မဟုတ်) အဖွဲ့ဝင်၏ စည်းကမ်းချက်များ ချိုးဖောက်ခြင်းမှ ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှု၊ ဆုံးရှုံးမှု၊ တောင်းဆိုချက်များနှင့် တာဝန်ယူမှုများ (အပြည့်အဝ အာမခံအခြေခံ အပေါ် တရားဥပဒေဆိုင်ရာ ကုန်ကျစရိတ်များအပါအဝင်) မှ Time Definite Delivery (TDD) ၊ ကျွန်ုပ်တို့၏ ဆက်စပ် အဖွဲ့အစည်းများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ အေးဂျင့်များနှင့် ကိုယ်စားလှယ်များအား ထိခိုက်မှုရှိစေမည်မဟုတ်ကြောင်း အဖွဲ့ဝင်အသီးသီးမှ သဘောတူညီပြီးဖြစ်ပါသည်။

၆.၇။ မည်သည့်အသုံးပြုသူအကြောင်းအရာ (သို့မဟုတ်) လိမ်လည်ခြင်း၊ မမှန်ကန်ခြင်း၊ လှည့်စားခြင်း၊ မတိကျခြင်း၊ အသရေဖျက်ခြင်း၊ စော်ကားခြင်း (သို့မဟုတ်) တရားမဝင်သော ပစ္စည်းများအပါအဝင် အခြားမည်သည့်ပစ္စည်းများကိုမဆို ဆိုက်များတွင် သင် သို့မဟုတ် အခြားမည်သူမဆိုမှ ဖြန့်ဝေခြင်းအတွက် Time Definite Delivery (TDD) တွင် တာဝန်မရှိကြောင်းနှင့် အဆိုပါ ပစ္စည်းများမှ ဖြစ်ပေါ်လာသော ထိခိုက်မှုသည် အဆိုပါ အဖွဲ့ဝင် အပေါ်၌သာ အလုံးစုံ မူတည်နေကြောင်း အဖွဲ့ဝင်တိုင်းမှ သဘောတူညီပြီးဖြစ်ပါသည်။ ရရှိနိုင်သော မည်သည့် ချေပချက်ကိုမဆို ခိုင်ခိုင်မာမာပြောဆိုခြင်းတွင် Time Definite Delivery (TDD) နှင့် ပူးပေါင်းပါဝင်မှုအတွက် အဖွဲ့ဝင်၏ အာမခံချက် နှင့် စပ်လျဥ်း၍ သီးသန့်ချေပချက်နှင့် ထိန်းချုပ်မှုကို ကျွန်ုပ်တို့၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့် တာဝန်ယူရန် Time Definite Delivery (TDD) တွင် လုပ်ပိုင်ခွင့်ရှိသည်။

၇။ တာဝန်ကန့်သတ်ခြင်း

၇.၁။ တရားဥပဒေမှ သတ်မှတ်ပေးထားသည့် အမြင့်ဆုံးအတိုင်းအတာအထိ Time Definite Delivery (TDD) မှ ပေးအပ်သော (သို့မဟုတ်) ဆိုက်များမှတစ်ဆင့် ပေးအပ်သော ဝန်ဆောင်မှုများသည် “တည်ရှိဆဲ” ၊ “ရရှိနိုင်သည့်အတိုင်း” ၊ နှင့် “အပြစ် အနာအဆာများအားလုံးဖြင့်” ဟူ၍ ဖော်ပြထားပြီး ဖော်ပြထားသော (သို့မဟုတ်) ကန့်သတ်ထားသော အာမခံချက် အားလုံး မှတစ်ပါး အခြားသတ်မှတ်ချက်၊ အရည်အသွေး၊ တာရှည်ခံမှု၊ လုပ်ဆောင်ချက်၊ တိကျမှု၊ ယုံကြည်ရမှု၊ ရောင်းကုန်နိုင်မှု (သို့မဟုတ်) သီးခြားရည်ရွယ်ချက်တစ်ခုအတွက် ကြံ့ခိုင်မှု အခြေအနေ မည်သည့်အာမခံမဆို Time Definite Delivery (TDD) မှ မသက်ဆိုင်ကြောင်း ငြင်းဆိုပါသည်။ အဆိုပါ အာမခံချက်၊ ကိုယ်စားပြုမှု၊ သတ်မှတ်ချက်များနှင့် တာဝန်ယူ ကတိပေးမှုများ အားလုံးသည် အကျုံးမဝင်ပါ။

၇.၂။ တရားဥပဒေမှ သတ်မှတ်ပေးထားသည့် အမြင့်ဆုံး အတိုင်းအတာအထိ ဖော်ပြထားသော အချက်အလက်များ (သို့မဟုတ်) ဆိုက်များတွင် ဖော်ပြထားသော တရားဝင် အထောက်အထား သက်သေပြမှု၊ တိကျမှု၊ မှန်ကန်မှု၊ ယုံကြည်စိတ်ချရမှု၊ အရည်အသွေး၊ တည်ငြိမ်မှု၊ ပြီးပြည့်စုံမှု သို့မဟုတ် လတ်တလောဖြစ်မှုများအတွက် Time Definite Delivery (TDD) မှ မည်သည့် ကိုယ်စားပြုမှု သို့မဟုတ် အာမခံမှုများမှ မထားရှိပါ။ ဆိုက်များတွင် ကမ်းလှမ်းထားသော သို့မဟုတ် ပြသထားသော ထုတ်လုပ်မှု၊ တင်သွင်းမှု၊ တင်ပို့မှု၊ ဖြန့်ချိမှု၊ ကမ်းလှမ်းမှု၊ ပြသမှု၊ ဝယ်ယူမှု၊ ရောင်းချမှု နှင့်/သို့မဟုတ် အသုံးပြုမှုများသည် တတိယလူ/အဖွဲ့အစည်း အခွင့်အရေးများ ချိုးဖောက်မှုမရှိကြောင်းလည်း Time Definite Delivery (TDD) မှ ကိုယ်စားပြု၊ အာမခံမှုမရှိပါ။ ဆိုက်များပေါ်တွင် ကမ်းလှမ်းထားသော သို့မဟုတ် ပြသထားသော မည်သည့်ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုအမျိုးအစားမဆို၏ ကိုယ်စားပြုမှု သို့မဟုတ် အာမခံမှု မည်သည်ကိုမျှ Time Definite Delivery (TDD) မှ မဆောင်ရွက်ပေးပါ။

၇.၃။ ဆိုက်မှ ဒေါင်းလုဒ်ရယူသည့် (သို့မဟုတ်) တစ်နည်းအားဖြင့် ရယူသည့် မည်သည့် အရာမဆို သည် အသုံးပြုသူ တစ်ဦးချင်းစီ၏ တစ်ကိုယ်ရေဆုံးဖြတ်ပိုင်ခွင့်၊ တာဝန်ယူမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါအရာအား ဒေါင်းလုဒ်ရယူမှုမှ ဖြစ်ပေါ်လာနိုင်သည့် Time Definite Delivery (TDD) ၏ ကွန်ပျူတာစနစ်အပေါ် ထိခိုက်မှု (သို့မဟုတ်) ဒေတာဆုံးရှုံးမှုများ အတွက် အသုံးပြုသူ တစ်ဦးချင်းစီထံ၌ တာဝန်ရှိပါသည်။ မည်သည့်အသုံးပြုသူမဆို Time Definite Delivery (TDD) မှ (သို့မဟုတ်) ဆိုက်များမှ ရယူသော မည်သည့်အကြံဉာဏ် သို့မဟုတ် သတင်းအချက်အလက်အတွက်မျှ (နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ) အာမခံချက် ရရှိမည်မဟုတ်ပါ။

၇.၄။ လွတ်ကင်းသော ကြားအဖွဲ့အစည်းများ၏ ဝန်ဆောင်မှု (သို့မဟုတ်) ထုတ်ကုန်များအား ရယူ သုံးစွဲနိုင်ရန် ဆိုက်များမှ ဆောင်ရွက်ပေးသွားနိုင်ပါသည်။ အဆိုပါ ဝန်ဆောင်မှု (သို့မဟုတ်) ထုတ်ကုန်များအတွက် မည်သည့် အာမခံချက် (သို့မဟုတ်) ကိုယ်စားပြုမှုမျှ ရှိမည်မဟုတ်ပါ။ အဆိုပါ မည်သည့် ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှု များအတွက်မဆို Time Definite Delivery (TDD) နှင့် ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ယူသွားမည်မဟုတ်ပါ။

၇.၅။ အဖွဲ့ဝင်များ၏ ဆိုက် (သို့မဟုတ်) ဝန်ဆောင်မှုများ အသုံးပြုမှု (ဆိုက်များပေါ်တွင် အဆိုပါ အသုံးပြုသူ၏ အချက်အလက် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ) (သို့မဟုတ်) စည်းကမ်းချက်များ အနက်မှ မည်သည့် စည်းကမ်းချက်ကိုမဆို ချိုးဖောက်မှုမှ ဖြစ်ပေါ် လာနိုင်သော ဆုံးရှုံးမှု၊ တောင်းဆိုချက် များနှင့် တာဝန်ယူမှုများ (အပြည့်အဝအာမခံအခြေခံ အပေါ် တရားဥပဒေဆိုင်ရာ ကုန်ကျစရိတ်များ အပါအဝင်) မှ Time Definite Delivery (TDD) ၊ ကျွန်ုပ်တို့၏ ဆက်စပ်အဖွဲ့အစည်းများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ အေးဂျင့်များနှင့် ကိုယ်စားလှယ် များအား ထိခိုက်မှုရှိစေမည် မဟုတ်ကြောင်း အဖွဲ့ဝင်အသီးသီးမှ သဘောတူညီပြီး ဖြစ်ပါသည်။ Time Definite Delivery (TDD) သို့ အသုံးပြုသူမှ ကတိပြုခဲ့သော အပိုဒ်(၅)မှ အကြောင်းအရာများ အပါအဝင် မည်သည့်ကိုယ်စားပြုချက်နှင့် အာမခံချက် များကိုမဆို အသုံးပြုသူ၏ ချိုးဖောက်မှုမှ ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးမှု၊ ထိခိုက်မှု၊ တောင်းဆိုချက်များနှင့် တာဝန်ယူမှုများ (အပြည့်အဝ အာမခံအခြေခံ အပေါ် တရားဥပဒေဆိုင်ရာ ကုန်ကျစရိတ်များအပါအဝင်) သည် Time Definite Delivery (TDD)၊ ကျွန်ုပ်တို့၏ ဆက်စပ်အဖွဲ့အစည်းများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ အေးဂျင့်များနှင့် ကိုယ်စားလှယ်များအား ထိခိုက်မှု ရှိစေမည် မဟုတ်ကြောင်း အဖွဲ့ဝင်အသီးသီးမှ သဘောတူညီပြီးဖြစ်ပါသည်။

၇.၆။ ဆိုက်များတွင် ဖော်ပြထားသော သို့မဟုတ် ကမ်းလှမ်းထားသော ထုတ်ကုန်များနှင့် စပ်လျဉ်း၍ အခြား တတိယလူ/ကြားခံ အဖွဲ့အစည်းများ (သို့မဟုတ်) တတိယလူ/ကြားခံ အဖွဲ့အစည်း၏ အခွင့်အရေး တောင်းခံသူများမှ အခိုင်အမာတောင်းဆိုသော တောင်းဆို ချက်များ (သို့မဟုတ်) အကျိုးဆက်အနေဖြင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပေါ်ပေါက်လာနိုင်သော ဆုံးရှုံးမှု၊ ထိခိုက်မှု၊ တောင်းဆိုချက်များနှင့် တာဝန်ယူမှုများ (အပြည့်အဝအာမခံအခြေခံ အပေါ် တရားဥပဒေဆိုင်ရာ ကုန်ကျစရိတ်များအပါအဝင်) မှ Time Definite Delivery (TDD) ၊ ကျွန်ုပ်တို့၏ ဆက်စပ်အဖွဲ့အစည်းများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ အေးဂျင့်များနှင့် ကိုယ်စားလှယ်များအား ထိခိုက်မှုရှိစေမည် မဟုတ်ကြောင်း အဖွဲ့ဝင် အသီးသီးမှ သဘောတူညီပြီးဖြစ်ပါသည်။ အသရေဖျက်မှု၊ စော်ကားမှု (သို့မဟုတ်) တရားဥပဒေနှင့်မညီညွတ်သော အရာများအပါအဝင် အခြားသူများမှ တင်သော မည်သည့် အကြောင်းအရာမဆိုအတွက် သင့်တွင် တာဝန်မရှိကြောင်းနှင့် Time Definite Delivery (TDD) တွင်လည်း တာဝန်မရှိကြောင်း အဖွဲ့ဝင်အသီးသီးမှ ထပ်ဆောင်းသဘောတူညီပြီးဖြစ်ပြီး အဆိုပါအရာမှ ဖြစ်ပေါ်လာသော ဆုံးရှုံးမှုသည် အဆိုပါအသုံးပြုသူနှင့်သာ အပြည့်အဝသက်ဆိုင်ပါကြောင်း အဖွဲ့ဝင်အသီးသီးမှ ထပ်ဆောင်း သဘောတူညီပြီးဖြစ်ပါသည်။ ရရှိနိုင်သော မည်သည့် ချေပချက်မဆိုကို ခိုင်ခိုင်မာမာပြောဆိုခြင်းတွင် Time Definite Delivery (TDD) နှင့် ပူးပေါင်းပါဝင်မှုအတွက် အဖွဲ့ဝင်၏ အာမခံချက်နှင့် စပ်လျဥ်း၍ သီးသန့်ချေပချက်နှင့် ထိန်းချုပ်မှုကို ကျွန်ုပ်တို့၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့် တာဝန်ယူရန် Time Definite Delivery (TDD) တွင် လုပ်ပိုင်ခွင့်ရှိသည်။

၇.၇။ စာချုပ်နှင့်ဖြစ်စေ၊ ပေါ့ဆမှု၊ တရားမ နစ်နာမှု၊ တန်းတူညီမျှမှုဖြင့်ဖြစ်စေ အောက်ပါ အကြောင်းအရာများကြောင့် ဖြစ်ပေါ်လာသော အခြားမည်သည့်ထိခိုက်မှုများ၊ မည်သည့် အထူး၊ တိုက်ရိုက်၊ သွယ်ဝိုက်၊ ပြင်းထန် သော၊ တိုက်ဆိုင်သော သို့မဟုတ် အကျိုးဆက် ဖြစ်သော ထိခိုက်မှုများ သို့မဟုတ် မည်သည့်ထိခိုက်မှုများမဆို (အကျိုးအမြတ်များ (သို့မဟုတ်) စုဆောင်းငွေများ ဆုံးရှုံးခြင်း၊ စီးပွားရေးထိခိုက်မှု၊ သတင်းအချက်အလက် ဆုံးရှုံးမှုများအပါအဝင်) အတွက် Time Definite Delivery (TDD) တွင် တာဝန်မရှိပါ။

(က) ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများ အသုံးပြုမှု သို့မဟုတ် အသုံးမပြုနိုင်မှု။

( ခ) ကုန်ပစ္စည်းများ၊ နမူနာများ၊ ဒေတာ၊ သတင်းအချက်အလက် (သို့မဟုတ်) ဝန်ဆောင်မှု (သို့မဟုတ်) အသုံးပြုသူ (သို့မဟုတ်) အခြားကြားခံ အဖွဲ့အစည်းမှ ဆိုက်များမှတစ်ဆင့် ရယူထားသော သို့မဟုတ် ဝယ်ယူထားသော ဝန်ဆောင်မှု များတွင် ဖြစ်ပေါ်နေသည့် အပြစ်အနာအဆာ၊ ချို့ယွင်းချက်။

( ဂ) တတိယလူ/အဖွဲ့အစည်း အခွင့်အရေးများ ချိုးဖောက်ခြင်း (သို့မဟုတ်) အသုံးပြုသူ၏ ထုတ်လုပ်မှု၊ တင်ပို့မှု၊ တင်သွင်းမှု၊ ဖြန့်ချိမှု၊ ကမ်းလှမ်းမှု၊ ပြသမှု၊ ဝယ်ယူမှု၊ ရောင်းချမှု နှင့်/သို့မဟုတ် ဆိုက်များတွင် ကမ်းလှမ်း (သို့မဟုတ်) ပြသထားသော ထုတ်ကုန်များ (သို့မဟုတ်) ဝန်ဆောင်မှုများ အသုံးပြုမှုသည် တတိယလူ/အဖွဲ့အစည်း အခွင့်အရေးများ ချိုးဖောက်ခြင်း (သို့မဟုတ်) ချိုးဖောက် သည်ဟု အခိုင်အမာတင်ပြသော တင်သွင်းချက် (သို့မဟုတ်) တောင်းဆိုချက်များ (သို့မဟုတ်) တတိယလူ/အဖွဲ့အစည်း အခွင့်အရေးတောင်းခံသူများမှ တောင်းဆို ချက်များ၊ ရပိုင်ခွင့် တင်ပြချက်များနှင့် စပ်လျဉ်း၍ ချေပနိုင်ရန် (သို့မဟုတ်) အာမခံရန် အခွင့်ရှိသည်ဟု တောင်းဆိုသော မည်သည့်အဖွဲ့အစည်းမဆို။

(ဃ) မည်သည့်အသုံးပြုသူမဆို၏ ဒေတာ (သို့မဟုတ်) ကိုယ်ရေးအချက်အလက် များအား တတိယလူ/အဖွဲ့အစည်းများက ခွင့်ပြုချက်မရှိပဲ ရယူခြင်း။

( င) ဆိုက်များ၏ မည်သည့်အသုံးပြုသူမဆို၏ ဖော်ပြချက် (သို့မဟုတ်) အပြုအမူ။

( စ) ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ ပေါ့ဆမှုအပါအဝင် အကြောင်းပြု၍ ပေါ်ပေါက် လာသော မည်သည့်အကြောင်းကိစ္စမဆို။

၇.၈။ အထက်ဖော်ပြပါပြဋ္ဌာန်းချက်များအနက် မည်သည်ကိုမျှ တာဝန်ယူခြင်းမရှိပဲ Time Definite Delivery (TDD) ၊ ကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ အေးဂျင့်များ၊ ဆက်စပ်အဖွဲ့အစည်းများ၊ ကျွန်ုပ်တို့ကိုယ်စား ဆောင်ရွက်ပေးနေသော မည်သူမဆို (သို့မဟုတ်) ကိုယ်စားလှယ်များ (သို့မဟုတ်) ဆိုက်များ (သို့မဟုတ်) ဝန်ဆောင်မှုများ အသုံးပြုရာမှ ပေါ်ပေါက်လာသော နစ်နာမှုဆိုင်ရာ တောင်းခံမှုများ အားလုံးအတွက် စုစုပေါင်း အများဆုံး တောင်းခံနိုင်မှု တန်ဖိုးသည် ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း အောက်ဖော်ပြပါအတိုင်း ကန့်သတ်ထားပါသည် -

(က) ပြက္ခဒိန်နှစ်အတွင်း Time Definite Delivery (TDD) နှင့် ကျွန်ုပ်တို့၏ ဆက်စပ်အဖွဲ့အစည်းများသို့ အသုံးပြုသူမှ ပေးသွင်းထား သော ပမာဏ။

( ခ) တည်ဆဲဥပ‌ဒေတွင် ကန့်သတ်ထားသော အများဆုံးပမာဏ။

ရှေ့ပြေးတင်ပြချက်တွင် အမှန်တကယ် ထိခိုက်မှုများကို အသုံးပြုသူမှ သက်သေပြသရန် လိုအပ်ချက် အပေါ် သွေဖည်နေခြင်း မရှိစေရ။ ဆိုက်များ (သို့မဟုတ်) ဝန်ဆောင်မှုများ အသုံးပြုရာမှ ပေါ်ပေါက်လာသော နစ်နာမှုဆိုင်ရာ တောင်းဆိုချက် အားလုံးသည် ဤအသုံးပြုမှုစည်းကမ်းချက်အား သက်ရောက်သော မည်သည့် တည်ဆဲဥပဒေမဆိုတွင် ဖော်ပြထားသည့် အချိန်ကာလကဲ့သို့ ကြာမြင့်သော ကာလ (သို့မဟုတ်) အသုံးပြုမှု စတင်သည့် နေ့ရက်မှ တစ်နှစ် အတွင်း ဖြည့်သွင်းတင်ပြရမည်။

၇.၉။ ဤစည်းကမ်းချက်များတွင် ပါဝင်သည့် တာဝန်ကန့်သတ်ချက်များနှင့် သင်၏ အခြားသော ရပိုင်ခွင့် များသည် ဥပဒေမှ ခွင့်ပြုထားသည့် အများဆုံးပမာဏအထိသာ သက်ရောက်နိုင်ပြီး Time Definite Delivery (TDD) မှ အကြံပေး တိုက်တွန်းထားသည်ဖြစ်စေ၊ တိုက်တွန်း မထားသည်ဖြစ်စေ (သို့မဟုတ်) ဖြစ်ပေါ်လာနိုင်သည့် မည်သည့်ဆုံးရှုံးမှု မဆို၏ ဖြစ်နိုင်ခြေကို သိရှိထားပြီး ဖြစ်ရမည်ဖြစ်သည်။

၈။ ခြွင်းချက်

၈.၁။ မည်သည့်အခြေအနေတွင်မဆို သဘာဝဖြစ်ရပ်များ၊ အင်တာနက်ချို့ယွင်းမှု၊ ကွန်ပျူတာ၊ တယ်လီဖုန်း ဆက်သွယ်မှု (သို့မဟုတ်) အခြားမည်သည့်ကိရိယာချို့ယွင်းမှုမဆို၊ လျှပ်စစ်ဓာတ်အားချို့ယွင်းမှု၊ ဆန္ဒပြမှု၊ လုပ်သားအငြင်းပွားမှု၊ သပိတ်မှောက်မှု၊ ဆူပူအုံကြွမှု၊ အများပြည်သူနှောင့်ယှက်မှု၊ လုပ်သား (သို့မဟုတ်) ကုန်ကြမ်းပစ္စည်းပြတ်လပ်မှု၊ မီးလောင်မှု၊ ရေကြီးမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ ပေါက်ကွဲမှု၊ ဘုရားသခင်၏ ဆောင်ရွက်ချက်များ၊ စစ်ပွဲ၊ အစိုးရဆောင်ရွက်ချက်များ၊ ပြည်တွင်း (သို့မဟုတ်) ပြည်ပ တရားရုံးများ (သို့မဟုတ်) ခုံရုံးများ၏ အမိန့်ချမှတ်မှုများ (သို့မဟုတ်) ကြားနေအဖွဲ့အစည်းများ၏ မဆောင်ရွက်မှုများ အပါအဝင် ကျိုးကြောင်းဆီလျော်စွာ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသော တွန်းအားများ (သို့မဟုတ်) အကြောင်းရင်းများကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဖြစ်ပေါ်လာသော ဆိုက်မှ ပို့ဆောင်ပေးသော အကြောင်းအရာ (သို့မဟုတ်) ဝန်ဆောင်မှုများ နှောင့်နှေးကြန့်ကြာမှု (သို့မဟုတ်) ပျက်ကွက်မှု (သို့မဟုတ်) နှောင့်ယှက်မှုတို့အတွက် Time Definite Delivery (TDD) တွင် တာဝန်ရှိမည်မဟုတ်ပါ။

၉။ ဉာဏပိုင်ဆိုင်မှု မူပိုင်ခွင့်များ

၉.၁။ ဆိုက်များနှင့် ဆိုက်ရှိ အကြောင်းအရာများ၏ ရပိုင်ခွင့်အားလုံးနှင့် အကျိုးအမြတ်များ၏ ဥပဒေအရ လိုင်စင် ကိုင်ဆောင်ပိုင်ဆိုင်သူသည် Time Definite Delivery (TDD) ဖြစ်ပါသည်။ ဆိုက်များနှင့် ဆိုက်အကြောင်းအရာများတွင် ပါရှိသော ကုန်သွယ်ရေးလျှို့ဝှက်ချက်များနှင့် အခြားဉာဏ ပိုင်ဆိုင်မှု မူပိုင်ခွင့်များသည် ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်နှင့် အခြားဥပဒေများဖြင့် ကာကွယ် ထားပြီး ဖြစ်ပါသည်။ ဆိုက်များနှင့် ဆိုက်များ၏ အကြောင်းအရာများ၏ ဂုဏ်ပုဒ်၊ ပိုင်ဆိုင်မှုနှင့် ဉာဏပိုင်ဆိုင်မှု မူပိုင်ခွင့်များသည် Time Definite Delivery (TDD) ၊ ကျွန်ုပ်တို့၏ ဆက်စပ် အဖွဲ့အစည်းများ သို့မဟုတ် ဆိုက်အကြောင်းအရာများ၏ လိုင်စင်ကိုင်ဆောင်သူများ၏ ပိုင်ဆိုင်မှုဖြစ်သည်။ စည်းကမ်းချက်များနှင့်အညီ သို့မဟုတ် Time Definite Delivery (TDD) မှ တောင်းဆိုသော အခွင့်အရေးအားလုံးသည် ရရှိမည်ဖြစ်ပါသည်။

၉.၂။ Time Definite Delivery (TDD) နှင့် အခြားဆက်စပ်နေသော သင်္ကေတများနှင့် အမှတ်တံဆိပ်များသည် Time Definite Delivery (TDD) ၏ မှတ်ပုံတင်ထားသော အမှတ်တံဆိပ်များ (သို့မဟုတ်) အမှတ်တံဆိပ်များ (သို့မဟုတ်) ဝန်ဆောင်မှုသင်္ကေတများ ဖြစ်ကြပြီး ဥပဒေများစွာနှင့် တည်ဆဲ မူပိုင်ခွင့်၊ အမှတ်တံဆိပ်နှင့် အခြားပိုင်ဆိုင်ခွင့် မူပိုင်ခွင့် ဥပဒေများအရ ကာကွယ်ထားပြီး ဖြစ်ပါသည်။ အခွင့်မရှိဘဲ ကူးယူခြင်း၊ ဆန်းသစ်ခြင်း၊ အသုံးပြုခြင်း (သို့မဟုတ်) ဤအမှတ်သင်္ကေတများကို ထုတ်ဝေခြင်းအား တင်းကြပ်စွာ တားမြစ်ထားပါသည်။

၉.၃။ Time Definite Delivery (TDD) တွင် ဝန်ဆောင်မှုများ၏ ပြဋ္ဌာန်းချက်များ (ဥပမာ - ဝန်ဆောင်မှုပေးသူများ အစစ်အမှန် ဖြစ်ကြောင်းနှင့် မှန်ကန်ကြောင်း အတည်ပြုခြင်း) တွင်ပါဝင်သော လွတ်လပ်သော ကြားခံအဖွဲ့အစည်းများရှိနိုင်ပါသည်။ မည်သည့်အမှတ်တံဆိပ်၊ ဝန်ဆောင်မှု သင်္ကေတ (သို့မဟုတ်) အဆိုပါ လွတ်လပ်သော အဖွဲ့အစည်းများ၏ အမှတ်တံဆိပ် များကိုမဆို အဆိုပါအဖွဲ့အစည်းများ၏ ထောက်ခံချက်စာရွက်စာတမ်းများ မပါရှိဘဲ အသုံးပြုနိုင်မည်မဟုတ်ပါ။

၁၀။ ယေဘုယျပြဋ္ဌာန်းချက်များ

၁၀.၁။ စည်းကမ်းချက်များ၏ မည်သည့်ပြဋ္ဌာန်းချက်မဆို အကျုံးမဝင် (သို့မဟုတ်) သက်ရောက်မှု မရှိပါက အဆိုပါ ပြဋ္ဌာန်းချက်ကို ဖျက်သိမ်းရမည်ဖြစ်ပြီး ကျန်ရှိသော ပြဋ္ဌာန်းချက်များသည် ဆက်လက်အကျုံးဝင်၊ သက်ရောက်မှုရှိနေရမည်ဖြစ်ပါသည်။

၁၀.၂။ ခေါင်းစဉ်များသည် ကိုးကားရန် ရည်ရွယ်ချက်သီးသန့်သာဖြစ်ပြီး အဆိုပါအပိုဒ်၏ အတိုင်းအတာကို မည်သည့်နည်းလမ်းနှင့်မျှ အဓိပ္ပာယ်သတ်မှတ်ခြင်း၊ ကန့်သတ်ခြင်း၊ အနက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း (သို့မဟုတ်) ဖော်ပြခြင်းများ မပြုလုပ်ရ။

၁၀.၃။ စည်းကမ်းသတ်မှတ်ချက်များအရ သင်၏ မည်သည့် ချိုးဖောက်မှုကိုမဆို အရေးယူ ဆောင်ရွက်ရန် Time Definite Delivery (TDD) ၏ ပျက်ကွက်မှု (သို့မဟုတ်) လုပ်ပိုင်ခွင့်ကို တွန်းအားပေးရန် Time Definite Delivery (TDD) ၏ ပျက်ကွက်မှုသည် အဆိုပါ လုပ်ပိုင်ခွင့်၏ သက်ရောက်မှု စွန့်လွှတ်ခြင်း (သို့မဟုတ်) တူညီသော (သို့မဟုတ်) နောက်ဆက်တွဲချိုးဖောက်မှုများ နှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်ရန် Time Definite Delivery (TDD) ၏ လုပ်ပိုင်ခွင့်ကို စွန့်လွှတ်ခြင်းဟု သတ်မှတ်မည် မဟုတ်ပါ။

၁၀.၄။ စည်းကမ်းချက်များ (ကျွန်ုပ်တို့၏ လုပ်ပိုင်ခွင့်များ၊ ဂုဏ်ပုဒ်၊ အကျိုးကျေးဇူးများ၊ အကျိုးအမြတ်များ၊ အမြတ်အစွန်းများနှင့် မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း (Time Definite Delivery (TDD) ၏ မည်သည့်ဆက်စပ်အဖွဲ့ အစည်းမဆို အပါအဝင်) အတွက် တာဝန် ဝတ္တရားများ) ကို Time Definite Delivery (TDD) မှ ချမှတ်ပိုင်ခွင့်ရှိသည်။ စည်းကမ်းချက် တစ်ခုလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းကို မည်သည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကိုမှ ချမှတ်ပေးပိုင်ခွင့် သင့်တွင် မရှိပါ။